မျှော်ရသောနွေရောက်လေတော့လည်းသူ၏ရင်ထဲမှာအလွမ်းတံခါးအလိုလိုပွင့်သွားသည်ကို
မည်သူမျှမသိလိုက် သိလိုက်သောသူကတော့နှလုံးသားပင်ဖြစ်ချေသည်..။တိတ်တဆိတ်လေးပါပဲလေ
သူ၏အလွမ်းသည် အခြားအခြားသောသူတို့၏ အလွမ်းနှင့်တူမတူဖြစ်သည်မှာမသေချာ
သေချာတာတစ်ခုကိုထုတ်ပြရလျင်လည်း သူလွမ်းတိုင်း သူ၏စိတ်ထဲတွင်အထီးကျန်သော
အကျည်းတန်ဝေဒနာတစ်ခုကအမည်မဖော်လိုသူတစ်ယောက်ထံတွင်အမြဲတမ်းရောက်နေတတ်သည်။
ထို.နောက်သူ၏ပါးပြင်ပေါ်တွင်ရေမြောင်းလေးတွေသဖွယ်ဖြစ်သွားသည်ကိုတွေ.ရ၏။
ဤသို.ဆိုလျှင်နွေနှင့်တူသောသူ့ဘ၀သည်လှပပါသလား။
အထီးကျန်သောနွေ အကျဉ်းတန်သောနွေ စမ်းရေခြောက်သောနွေ ပန်းတွေခြောက်သောနွေ
နွေသည်လှ၏ အလှတရားသည်နွေ နွေရောက်လျှင် လေရူးပွေနှောက်၍ပုရစ်ဖူးတွေဝေ
ရွက်ဝါတွေလည်းကြွေပျောက်ခဲ.ရသည်၊ မှန်ပေသည် ထိုအရာတို.သည်ပင်နွေ၏အလှတရား
ဟုတ်ပါသလား အဖော်မပါအဖော်ရှာတဲ.ကိုရွှေဥသြဌက်ရယ်ကအထီးကျန်သော သစ်ပင်ထက်မှာ
လွမ်းသူကိုတွန်သံပေးနေရော့သလား။
ဖြစ်ဖြစ်သမျှသော အရာ တို့ကိုမြင်ရတိုင်း သူနှလုံးသားကတောင့်တနေသော မိရွှေချောထံ
ရောက်မရောက်ကိုထုတ်ဖော်၍မပြောချင်ပြောချင်တာတစ်ခုကပုံမှန်ဖြစ်နေသော သူ၏နှလုံးသား
ခုန်သံတွေကဘရိတ်ကြိုးပြတ်သောကားတစ်စီးပမာ အတိုင်းအဆမရှိအရှိန်ပြင်းစွာခုန်လာသည်ကို
သူတစ်ယောက် သတိပြုမိချေသည်။ ဝေဒနာ၏လိမ်ညာခြင်းကိုသူခံရလိုက်ပေပြီ။
အမှန်တော.သူ.ဘ၀သည် မလှပ နောက်နောင်လည်းလှပသည်မလှပသည်မှာမသေချာ ။ဝေဒနာကို
ပဲအဖြေရှာ၍ဆန်းစစ်ကြည်.ရမည်။
ထို.ကြောင်. အထီးကျန်သော သူ.ဘ၀သည်နွေ နွေသည်သူ.ဘဝ
အဘယ်ကြောင်.ဆိုသော်နွေသည်အထီးကျန်မှုတို.နှင့်ပြည်.စုံ၏။ ဤသို.ဆိုလျှင်လှပသောနွေမဟုတ်
တော.လှပခြင်းဟူသော ၀ိသေသနသည်လည်းနွေကိုညာသည်အလှအပသည်လည်းညာသောသူဖြစ်
ရချေတော.၏။ထိုအရာသည်ပင်အလှအပသည် နွေကိုညာခြင်း၏တခန်းရပ်ပင်ဖြစ်တော.၏။
ဝေဒနာကနှလုံးသားကိုညာသည် အလှအပက နွေကိုညာသည်။
တိုညာသောအခြင်းအရာကိုပင် မသိစိတ်က လိမ်လည်လှည်.ဖြားလိုက်သည်။ထို.ကြောင်.ညာနေသော
ဝေဒနာနှင့်အလှအပသည်မသိစိတ်၏လိမ်လည်လှည်.ဖြားချင်းကိုခံလိုက်ရသောကြောင့် တစ်ပူပေါ်
နှစ်ပူဆင်.လိုက်သလို အပူဒီဂရီများသွားသောအခါ နှလုံးသား၏ ရင်ခုန်သံတို.သည်လည်း
ထိုနှလုံးသားကိုပင် သွယ်ဝိုက်၍ စိတ်ကိုပူလောင်စေသည်မှာအမှန်ပင်ဖြစ်ပေတော.၏
ထိုအကြောင်းများစွာကိုကျွန်တော်ကပြန်ညာသောအခါကျွန်တော်လည်းလူညာဖြစ်ရပေတောသတည်း