Saturday, March 10, 2012

သစ္စာည

ရော်ရွက်တွေ
မြေမှာကြွေလွင့်
နွေအပွင့်မှာတော့.....
လောကရဲ့..သစ္စာ...။

လူဘ၀ရဲ့ဥပမာ
ရော်ရွက်နှင့်အလားတူစွာ
သံသရာနယ်ချဲ့နေသမျှ
ခံရဦးမှာပေါ့.........။

သစ္စာဆိုသည်ကား
မှန်ကန်သော
ဒဖ်နေးရှင်းလား..
သည်မှာလေ
နွေတရာညများ...........။

Wednesday, March 7, 2012

ခရီး

လသာသောညသည်
ရင်ကိုအေးမြစေ၏..တဲ့
နှလုံးသား၏
ပူလောင်မှုတို့သည်လည်း
တိတ်တဆိတ်အိပ်မောကျပါစေသား..။

မေတ္တာဓါတ်တွေ
လွှမ်းခြုံမိမှတော့
သောကစိတ်တွေ
မွန်းကြပ်ပါတော့မလား...။
နွေပင်လယ်
ဘယ်လောက်ကာစီး
အလာခရီးကတော့
ကောင်းနေဆဲ......။
မိုးသို့ပျံဝဲ.....

Sunday, March 4, 2012

အွန်လိုင်းရဲ့အူအူကြောင်ကြောင်ကဗျာ

မနက်စောစောစီးစီး
အိပ်ယာကနိုးတိုင်း
အလွမ်းနဲ့ပလုတ်ကျင်းရသလား..။
လူငယ်သာဆို
အရိုက်ခံရတယ်..။

အခုတလော
ကြားနေရတဲ့သတင်းက
''ပျော်ပျော်နေသေခဲ့''တဲ့
အွန်လိုင်းပေါ်မှာ
နာမည်ကြီးနေတာလေ..။

ဆုံးမလို့မရတဲ့
ကိုယ့်ရဲ့အသိစိတ်ကလေးကိုလည်း
 Ctrlလုပ်ထားကြည့်ဦး
ဘ၀ပျားတုတ်ခံရရင်
မကောင်းဘူးနော်

အဲဒီလိုနဲ့ပဲ
ကိုယ့်ဘ၀ကိုယ်ထူထောင်
အူကြောင်ကြောင်လုပ်နေရတာပဲလေ..။