Friday, March 16, 2012

အကောင်းဆုံးအရှုံးသမား

အချစ်နဲ့အမုန်းကြား
အပြုံးများနဲ့နှုတ်ဆက်ပါရစေ.။

နှလုံးသားရဲ့
ဝရန်တာမှာတော့
ဒဏ်ရာတွေပွလို့ပေါ့..။

အရှုံးသမားလို့ပဲ
ခေါ်လိုက်ပါတော့......။





Thursday, March 15, 2012

ဘ၀င်လေကြမ်း

ကံကြမ္မာကိုသာ
မကျေနပ်ရင်
ဘ၀င်ကိုလေဟပ်သတဲ့
မှန်လိုက်တဲ့သတင်း
အတင်းအဖြင်းတွေချည်းပါပဲ.။

ခပ်ညံ့ညံ့အပေါစား
ကဗျာတွေထုတ်
အွန်လိုင်းပေါ်မှာတော့
ဖုတ်လို့ဖုတ်
ကင်လို့ကင်နေလိုက်ကြတာ..
ဒါသဘာဝအမှန်တရားလား.။

ကံကြမ္မာနတ်မင်းကြီးရေ
ဒီပွဲမှာတော့
သေမင်းကိုပဲဒိုင်းလူကြီးလုပ်ခိုင်းလိုက်ပါ....။

ခပ်ကြောင်ကြောင်အတွေးတွေနဲ့ပဲ
ခပ်ကြောင်ကြောင်ဖြစ်နေရော့လား
ဒီမှာလေ  
ကျင့်ဆဲစာတွေပုံလို့
မနိုင့်တနိုင်သမိုင်းပေးတာဝန်တွေကို
ထမ်းဆောင်ရသူမို့
ကြမ်းလေတဲ့လမ်းလဲလျှောက်ရမှာပဲလေ..........။

Sunday, March 11, 2012

လွင့်ပါးခြင်း

စိန်ခေါ်နိုင်စွမ်းမရှိတော့သော
အာရုံများ
နိုးကြားနိုင်စွမ်းမရှိတော့သော
အိပ်ပျော်ခြင်းများ
ခါးသီးမှုအပြုံးရဲ့ဒဏ်ရာ
အရှုံးများကိုဖာထေး...
အမုန်းတရားရဲ့
ဝရန်တာကြားမှာ
ကားကားလေးလွင့်လို့ပေါ့..

တရံတခါကတော့လည်း
ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံနေတဲ့စိတ်
ကုစားလို့မရ

အဲဒီလိုပဲငါ့စိတ်ကိုငါ
လွင့်ပါးလိုက်ချင်တယ်....။