Saturday, March 3, 2012

အမှောင်ကိုငြိမ်းစေသော

အေးမြတဲ့လရောင်
အမှောင်မရှိ
တိမ်လွှာဖုံးတဲ့ခါ
လရောင်လဲ
မှောင်အတိ...။
ဘ၀ရဲ့အလင်းရောင်
အမှောင်မရှိ
ဒုက္ခအမှောင်ဖုံးတဲ့ခါ
သူဘ၀လဲ
မှောင်အတိ...။
အမှောင်ဖုံး
ရှောင်ပုန်းတဲ့သံသရာ
သမုဒယ၀ဋ်အတွင်းမှာ
ညွတ်ကွင်းမိလိုနေတာ။
ကြုံဆုံလာ
ဒီသံသရာကိုဖြင့်
ငါလဲငါစိတ်ကို
ငါထိမ်းလို့
ငါမယိမ်းအောင်ဖြင့်
သောကရမ္မက်သိမ်းလို့
လောကအပြစ်မှိန်းလို့ရယ်
ငြိမ်းပေတော့
ငြိမ်းပေတော့.................။

No comments:

Post a Comment