Thursday, March 1, 2012

လရောင်ပျောက်သောလမ်း

လရောင်အောက်က
သံစဉ်တွေ
သူအပုဒ်နဲ့သူ တေးဆိုနေကြလေရဲ့   ။

အကာအရံမပါတဲ့
ဘ၀လမ်းကြမ်းမှာတော့
သူတစ်ယောက်ထဲပေါ့     ။

သူ့ဘဝ
ခဏတာလှချိန်ပါလေ    ။

ကြုံသမျှ လွဲ
ဆုံလာသမျှ ကွဲ
ဂုဏ်ပကာသနတွေကိုလည်း
မမက်မောခဲ့ပါဘူး    ။

ဆိုးရွားတဲ့
လောကလှိုင်းလုံးတွေအောက်က
သူ
အဖော်မပါတကိုယ်တည်းအဖြစ်နဲ့
လရောင်ကိုတေးဖွဲ့ဆိုရင်း
လရောင်အောက်မှာ
လမ်းတချို့ပျောက်နေဆဲပဲပေါ့  ။

No comments:

Post a Comment