Thursday, March 15, 2012

ဘ၀င်လေကြမ်း

ကံကြမ္မာကိုသာ
မကျေနပ်ရင်
ဘ၀င်ကိုလေဟပ်သတဲ့
မှန်လိုက်တဲ့သတင်း
အတင်းအဖြင်းတွေချည်းပါပဲ.။

ခပ်ညံ့ညံ့အပေါစား
ကဗျာတွေထုတ်
အွန်လိုင်းပေါ်မှာတော့
ဖုတ်လို့ဖုတ်
ကင်လို့ကင်နေလိုက်ကြတာ..
ဒါသဘာဝအမှန်တရားလား.။

ကံကြမ္မာနတ်မင်းကြီးရေ
ဒီပွဲမှာတော့
သေမင်းကိုပဲဒိုင်းလူကြီးလုပ်ခိုင်းလိုက်ပါ....။

ခပ်ကြောင်ကြောင်အတွေးတွေနဲ့ပဲ
ခပ်ကြောင်ကြောင်ဖြစ်နေရော့လား
ဒီမှာလေ  
ကျင့်ဆဲစာတွေပုံလို့
မနိုင့်တနိုင်သမိုင်းပေးတာဝန်တွေကို
ထမ်းဆောင်ရသူမို့
ကြမ်းလေတဲ့လမ်းလဲလျှောက်ရမှာပဲလေ..........။

No comments:

Post a Comment