Sunday, March 11, 2012

လွင့်ပါးခြင်း

စိန်ခေါ်နိုင်စွမ်းမရှိတော့သော
အာရုံများ
နိုးကြားနိုင်စွမ်းမရှိတော့သော
အိပ်ပျော်ခြင်းများ
ခါးသီးမှုအပြုံးရဲ့ဒဏ်ရာ
အရှုံးများကိုဖာထေး...
အမုန်းတရားရဲ့
ဝရန်တာကြားမှာ
ကားကားလေးလွင့်လို့ပေါ့..

တရံတခါကတော့လည်း
ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံနေတဲ့စိတ်
ကုစားလို့မရ

အဲဒီလိုပဲငါ့စိတ်ကိုငါ
လွင့်ပါးလိုက်ချင်တယ်....။

No comments:

Post a Comment