Monday, February 6, 2012

ဆရာအို၏အမွေ

ဆရာအိုမှာ
ဇရာဖောက်ပြန်
ရောဂါထန်၍၊ကွယ်လွန်ခဲ့ရှာသည်တကား.။
ဆရာ၏အလောင်း၊ခန္ဒာဟောင်းကို
ထနောင်းရိပ်ဝေ၊သုဿန်မြေ၌
တပည့်သားချင်း၊ဆွေးမျိုးရင်းတို့
ဂူသွင်းမြုတ်နှံကြရှာ၏ 
ကာလသောကြာ
ဆရာ၏ဂူထုံးဖြူဖြူလျှင်
နေပူကျဲကျဲ၊မိုးရေထဲ၌
ပြိုလတ်ပျက်စီးခဲ့လေပြီ
မြင်မြင်သမျှ သင်္ခါရမို့
အိုနာသေကြပျက်စီးကြသည်
လောကတံထွာ ဓမ္မတာပါတကား.....။
ကြည်ဖြူမေတ္တာ စေတနာဖြင့်
ပညာအမွေ ဖြိုးဖြိုးဝေလျှက်
ဆရာအိုက ပေးဝေငှသည်
ဒို့တတွေသာ မြို့နေကြာလည်း
တိုးပွါးခိုင်မြဲတည်နေဆဲ.......။




အညာသားလေး........................ရွှေညာမြေ

No comments:

Post a Comment