Thursday, March 1, 2012

မျှော်



ငယ်ငယ်တုန်းက


ဖတ်ခဲ့တဲ့ကဗျာတွေ


အခုချိန်အိပ်မောကြကုန်ပြီပေါ့........။






သုညနဲ့ပဲဘ၀ကိုစတင်


သုညနဲ့ပဲဘ၀ကိုအဆုံးသတ်ရမယ်ဆိုရင်


ဂုဏ်ဓနတွေအောက်မှာ


မြုတ်ခဲ့လို့ပေါ့.......။






ဟိုမှာတွေ့လား


သူ့ဘ၀ကိုသူထုဆစ်ရင်း


ကြီးပြင်းလာခဲ့တာ


အပူအပင်မပါ


ယူချင်စရာတစ်ခုမှမရှိပေမဲ့


အခြေအနေမဲ့တော့မဟုတ်ခဲ့......။






ကြုံလာတဲ့


ဆင်းရဲချမ်းသာသဘာဝတွေကို


သူဘယ်လိုရင်ဆိုင်ခဲ့သလဲ.....?






ဝယ်စရာမလိုတဲ့


လက်မှတ်တွေနဲ့လေ


သူသံသရာသူလျှောက်လှမ်း


ဘယ်လောက်ပဲကြမ်းကြမ်း


ခယောင်းလမ်း...........။






ခပ်မှိန်မှိန်


ဘ၀ဆီမီးတိုင်ရဲ့


အလင်းရောင်အောက်မှာတော့


သူပျော်နေတုန်း


ဘ၀အမောတွေခဏမေ့ထားလိုက်..


သောက်နေဆဲ


လ္ဘက်ရည်တခွက်လိုပဲ


ပူပြီးရင်အေးသွားလိမ့်မယ်.............။






ကြံကြံဖန်ဖန်


အလွမ်းပင်လယ်ကိုလဲ


သူကျော်ဖြတ်ခဲ့ပြီးပြီ


အမှည့်လွန်တဲ့


ဝေဒနာတွေကိုလဲ


သူစားခဲ့ပြီးပြီ


စိတ္တဇညများမှာလဲ


သူအိပ်ခဲ့ပြီးပြီ


သူ့ဘ၀သူ့နောင်တနဲ့အတူ


သူ့လောကမှာတော့


သူသာဘုရင်

သူသာသခင်ဘ၀နဲ့


သင်္ခါရလမ်းကို


မှန်းမျှော်ရင်း


လောက၀င်္ကပါကို


သူတစ်ယောက်ထဲ


ခြေဆန့်လျှောက်လှမ်းခဲ့တယ်................မှန်းမျှော်.။

No comments:

Post a Comment